လိပ်သိုမြို့ ကျေးရွာများတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း

လိပ်သို     ဇန်နဝါရီ  ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မောင်ကျော်ကျေးရွာအုပ်စု၊ မောက်ဘလောက်ကျေးရွာ အုပ်စု၊ ကျေးကတော့ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ ကဆောပလိုကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စုနှင့် ချီးသူစောကျေးရွာအုပ်စု တို့၌  ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ  ပြန်လည် ရွေးချယ် နိုင်ရေးအတွက်  ကြီးကြပ်ရေးမှူးအဖွဲ့  ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကျေးရွာအုပ်စုများ ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာမှ မြို့ဦးစီးမှူးဦးအောင်သော်မြင့်၊လိပ်သိုမြို့ သစ်တောဦးစီးဌာနမှ တောအုပ် ဦးသိန်းထွန်းအောင်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက ရွေးချယ်  တင်မြောက်ခြင်း ခံရသူသည် နိုင်ငံသားဖြစ်သူ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ ၊ မိမိ နေထိုင်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်းရှိ အလုပ်သမား လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက  သတ်မှတ်ထားသည့် ပုံစံ ၆၆/၆ (အိမ်ထောင်စု) တွင် ဖော်ပြထားသည့် မိသားစု၀င် ဖြစ်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသူများက သိရှိလိုသည့် အချက်များကို  မေးမြန်းကြရာ တာ၀န်ရှိသူများက  ပြန်လည် ဖြေကြားခဲ့ပြီး ဌာနဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့တို့က ကြီးကြပ်ရေးအဖွဲ့  (၅) ဦး ရွေးချယ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)