သံတောင်ကြီးမြို့နော်ဘူဘော(ဘွယ်ဟီခို)ဆုတောင်းတောင်အတက်လမ်းတွင် အုတ်စီရေမြောင်းလုပ်ငန်းဆောင်ရွက်

သံတောင်ကြီး       ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည်  တောင်ပေါ်မြို့ဖြစ်ပြီး မိုးတွင်းအချိန်တွင် တောင်ကျရေများကြောင့် လမ်းပျက်စီးမှုများရှိသည့်အတွက် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ၊ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သံတောင်ကြီးမြို့  နော်ဘူဘော (ဘွယ်ဟီခို) ဆုတောင်းတောင် အတက်လမ်းအား  အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာ‌ရေးနှစ်၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၄၀)ဖြင့် အရှည်(၂၀၀၀)ပေ၊ အကျယ်တစ်ပေခွဲ၊ အနက်တစ်ပေခွဲကို ဇန်နဝါရီလဒုတိယ အပတ်မှစတင်၍    လုပ်ငန်း  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

အဆိုပါ နော်ဘူဘော(ဘွယ်ဟီခို)ဆုတောင်းတောင် အတက်လမ်း အုတ်စီရေမြောင်း ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကံချန်း က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်