ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ညောင်ပင်သာကျေးရွာသို့ ညောင်ဦးခရိုင်မီး သတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ သွားရောက်ရေလှူဒါန်း

ညောင်ဦး  ဇန်နဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ ညောင်ပင်သာ ကျေးရွာသို့ ခရိုင်မီသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယနေနံနက် ၈နာရီခွဲအချိန်က ခရိုင်မီးသတ် တပ်ဖွဲ့ ဦးထက်အောင်(လက်ထောက်ညွှန်ကြားရေး မှူး)ဦးထက်အောင် ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေရှားပါးပြီး အကူအညီတောင်းလာ သောကြောင့် သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ် ညောင်ပင်သာကျေးရွာတွင် စက်ရေတွင်းရှိ သော်လည်းသောက်သုံးရန် အစဉ်မပြေခြင်းကြောင့် သောက်သုံးရေလိုအပ်လျက်ရှိကာ ကူညီလာ ရောက် လှူဒါန်းပေးရန် အကူအညီတောင်းခံမှုကြောင့် ညောင်ဦးခရိုင်မီးသတ်ဦး စီးဌာနမှ မီးသတ်ရေယာဉ် ရေဂါလံ ၃၂၀၀ ပါရေဘောက်ဆာဖြင့်သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း ညောင်ဦး ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်(လက်ထောက်ညွှန်ကြားရေးမှူး) ကရှင်းပြသည်။ ညောင်ပင်သာကျေးရွာသည် စက်ရေတွင်း တူးဖော်ထားသော်လည်း သောက်သုံး၍မရခြင်း၊ ထမင်းချက်လျှင်ထုံးဓာတ်များလွန်းခြင်းကြောင့် ထမင်း/ဟင်းချက် ပြီးသားများ ပျက်စီးမြန်ခြင်း ကြောင့် သုံးစွဲမှုမရှိပဲ လှူဒါန်းရေအများစုကိုမှီခိုနေရကြောင်း သိရသည်။ ညောင်ပင်သာ ကျေးရွာသည် ညောင်ဦးမြို့မှ ၂၂မိုင်ခန့်ကွာဝေးကာ အိမ်ထောင် စု ၂၄စုရှိကြောင်း၊ ယခုရေဂါလံ ၃၂၀၀ အား ၊ကျေးရွာနှင့်ဘုန်းတော်ကြီးကျောင်းသို့လှူ ဒါန်းပေးခဲ့ကြောင်းသိရကာ မီးသတ် တပ်ကြပ်ကြီး စိုးမိုးအောင်နှင့်မီးသတ်ဝန်ထမ်းများ၊ အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD