ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာ/ကူအသင်းမှ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဇီးကုန်း   ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နေ့လည် နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးမည့်သူ များ အား သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာ ရေး ကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်း စုစုပေါင်း(၂၂)ဦးကို အိန္ဒိယနိုင်ငံထုတ်  ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ကို ပထမအကြိမ် စတင်ထိုးနှံပေးခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ဝန်ထမ်းများကို ယခုလ ၂၇ ရက်နေ့က ကိုဗစ်-၁၉ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ()ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များ နှင့် အညီ လိုက်နာရန်လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)