နတ်မောက် ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်း ကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်သင်တန်းများ မြေပြင်ကွင်းဆင်း လက်တွေ့သင် ကြားမှုများကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သင်ကြားမှုများကို ညောင်ကျပ္ပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေသော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စက်ရေ တွင်းပြင် သင်တန်းမှ သင်တန်းသားများသည် အုတ်ဖိုကျေးရွာရှိ (Submersible pump) စက်ရေတွင်းပြု ပြင်ခြင်း လုပ်ငန်းများ လက်တွေ့မြေပြင်ကွင်းဆင်းလေ့ကျင့် သင်ကြားမှုများကို မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော့်တို့ အခုလို အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်ဆင်ထိန်းသိမ်း နည်း သင်တန်းတက်ရောက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီး မိသားစု ဝင်ငွေလည်း ရရှိလာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျေးရွာတွေဟာ ရေရှာပါးတဲ့အတွက် စက်ရေ တွင်းကို အများဆုံးအသုံး ပြုရတာဖြစ်တဲ့အတွက်ကြောင့် ဒီသင်တန်းကို တက်ရောက်ရခြင်းအားဖြင့် ကျွန်တော်တို့ ကျေးရွာသားများ အတွက် အထောက်အကူပြုပါတယ်”ဟု သင်တန်းသားတစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရသည်။
မူမူစန်း (နတ်မောက်)