ဇမ္ဗူသီရိ ဇန်နဝါရီ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး သင်တန်းခန်းမ၌ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပသည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲကို သင်တန်းသား/ သင်တန်းသူ (၂၂) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်ရရှိနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံကာဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ ကုန်သွယ်မှုကို ထောက်ပံ့ ပေးနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ် (၂) ခုမှ လျှောက်ထားလာသော မွေးမြူရေးခြံများကို ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်ဆိုင်ရာ (GAHP) အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ လျှောက်ထားလာသော မွေးမြူရေးခြံများကို ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်ဆိုင်ရာ (GAHP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)