မြဝတီမြို့ ဇန်နဝါရီ ၃၀
(၇၄)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့်ပုံပြော ပြိုင်ပွဲများကို Online မှတစ်ဆင့် ရိုက်ကူးထုတ် လွှင့်၍ မြဝတီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲကျင်းပရာတွင် မြဝတီခရိုင်ပြည်သူ့စာကြည့်တိုက် Page မှတိုက်ရိုက်ထုတ်လွှင့်ပြသပြီး Like အရေ အတွက် အများဆုံးရသူများကိုဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြဝတီ ခရိုင်ပြန်ကြားရေးနှင့််ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦး၊ မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးတေဇာအေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နှင့် ၇ ရက်နေ့များတွင် မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ရိုက်ကူးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ရန်အတွက် မင်းပြည့် ချမ်းသာ ကုမ္မဏီမှ ဦးကျော်ဇေယျက(၃ဝဝဝဝဝ) ကျပ်၊ ထူးရွှေလင်းကုမ္ပဏီမှ ဦးမျိုးအောင်က(၂ဝဝဝဝဝ)ကျပ်၊ ရာမာဉ်စားသောက်ဆိုင်မှ မသန္တာမိသားစုက(၁ဝဝဝဝဝ)ကျပ် အသီးသီး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)