မိုးကောင်း ဇန်နဝါရီ ၃၀
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရထားပေါ်ဈေးရောင်းသည့် ဈေးသည် ပိုးတွေ့လူနာ၏မိသားစုအပါအဝင် ဆက်စပ်ထိတွေ့သူ(၉၇)ဦးအား COVID RDT Test Kit ဖြင့် ဇန်နဝါရီ(၂၉)ရက်တွင် ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ(၅)ဦး ထပ်မံတွေ့ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ယနေ့ပိုးတွေ့လူနာများသည် ဇန်နဝါရီ(၂၈)ရက်နေ့တွင် အနံ့ပျောက်ခဲ့သောအမျိုးသမီး ပိုးတွေ့လူနာ ၏(၁၂)နှစ်အရွယ်သားတစ်ဦးနှင့် ရထားပေါ်ဈေးရောင်းသည့် ဈေးသည်များဖြစ်ကြသော အသက် (၄၃)နှစ် (၄၁)နှစ်၊ (၂၁)နှစ်နှင့်(၁၃)နှစ်အရွယ် အမျိုးသမီးများဖြစ်ကြသည်။
အဆိုပါထပ်မံတွေ့ရှိသည့် ပိုးတွေ့လူနာများ၏ နေအိမ်များအား LOCK DOWN ချရန် တာဝန်ရှိသူများမှ ပြင်ဆင်လျှက်ရှိပြီး ယခုပိုးတွေ့ရှိသူ (၅)ဦးအားလည်း ပြည်သူ့ဆေးရုံကြီး သီးသန့် ဆောင်တွင်ထားရှိ ကုသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)