ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့တွင် ယခင်ထောက်ပံ့ ငွေမရရှိသူများအား နိုင်ငံတော်က ထောက်ပံ့ငွေ ၂ သောင်းကျပ်နှုန်း ပေးအပ်

ကျောက်မြောင်း  ဇန်နဝါရီ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင်  ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ရာ ယခင်ပေးအပ်သည့် အကြိမ်များတွင် မရရှိခဲ့ကြသော အိမ်ထောင်စုများကို ယနေ့နေ့ နံနက်(၉) နာရီအချိန်က ရပ်ကွက်များအတွင်းရှိ မိသားစုနေအိမ်များအရောက် တာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ထပ်မံထောက်ပံ့ငွေများ ပေးအပ်ရာအမှတ်(၁)ရပ် ကွက် ရှိ အိမ်ထောင်စု (၉၈)စုအတွက် တစ်အိမ် ထောင်လျှင် ငွေကျပ်  ၂၀၀၀ဝိနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၉ သိန်း ၆ သောင်း၊အမှတ်(၂)ရပ်ကွက်ရှိအိမ် ထောင်စု (၁၁၄)စုအတွက်ငွေကျပ် ၂၂ သိန်း ၈ သောင်း အမှတ်(၃) ရပ်ကွက်ရှိ အိမ်ထောင်စု(၁၂၃)စုအတွက်ငွေကျပ် ၂၄ သိန်း ၆ သောင်း နှင့်အမှတ်(၄)ရပ်ကွက်ရှိအိမ်ထောင်စု(၄၇)စုအတွက်ငွေကျပ် ၉ သိန်း ၄ သောင်း စုစုပေါင်းငွေကျပ်  ၇၆ သိန်း ၄ သောင်းကျပ်ကိုသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိဌာနဆိုင်ရာလူကြီးများက မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)