မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် စဝ်မန်ဖလမ်းသွယ်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

မိုင်းရှူး  ဇန်နဝါရီ  ၃၀

(၇၄)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် အမှတ်(၄)ရပ်ကွက်ရှိ စဝ်မန်ဖ လမ်းသွယ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စဝ်မန်ဖ လမ်းသွယ်ကွန်ကရစ်လမ်းသည် မိုင်းရှူးမြို့နယ်စည်ပင်သာ ယာရေးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်တွင် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၃၅၀ ပေ၊ လမ်းအကျယ် ၁၅ပေ၊ လမ်းထု ၆ လက်မ ရှိပြီး ငွေကျပ်(၉၈) သိန်းဖြင့်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိဦးညဏ်ထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)