မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ရပ်ကွက်/ကျေးရွာအလိုက် ထောက်ပံ့ငွေများပေးအပ်

မိုင်းရှူး    ဇန်နဝါရီ    ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားထပ်တိုးအိမ်ထောင်စုများအတွက်  နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ​ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ကရပ်ကွက်/ ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မိုင်းရှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)စုမှ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စု (၂၁၀၁)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်-၄၂၀၂၀၀၀၀/- ကို ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)