ကောလင်း ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ်လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ ယနေ့တွင် ပုံမှန်လည်ပတ် နေကြောင်းနှင့် Wave Money၊ True Money စသည့် ငွေလွှဲငွေထုတ်လုပ်ငန်းများလည်း ပုံမှန် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဘဏ်များနှင့် ငွေလွှဲငွေထုတ်လုပ်ငန်းများသည် ယမန်နေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်မှုများကြောင့်သာ လုပ်ငန်း ဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဘဏ်လုပ်ငန်းများ အဆင်ပြေစွာဖြင့်ပုံမှန် ပြန်လည်ဆောင်ရွက်လျက်နေလျက်ရှိပြီး ကောလင်းမြို့နယ် တွင် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် (၁) ကမ္ဘောဇဘဏ် (၂) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၊ ကမ္ဘာ့ရတနာဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် GTB ) နှင့် TUN COM MER CIAL BANK တို့ ရှိကြကြောင်း သိရသည်။
မြင့်ထွန်းမင်း (ကောလင်း)