ပွင့်ဖြူမြို့နယ် မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

 

ပွင့်ဖြူ   ဖေဖော်ဝါရီ  

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ  ဒေသခံ ပြည်သူများ ရာသီ မရွေး အဆင်ပြေစွာ သွားလာ နိုင်ရေး အတွက် ကျေးရွာအနီး ရှိ      မြောက်မုန်း မြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်  တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတားတစ်စင်း အကောင် အထည်ဖော် တည်ဆောက် လျက်ရှိရာ   လက်ရှိတွင် လုပ်ငန်းများ    ၉၀    ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်   ဆည်မြောင်းနှင့်  ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။

ပွင့်ဖြူမြို့နယ်   ကျောင်းကုန်းကြီး ကျေးရွာတွင် ရွာလယ်၌ချောင်းရှိနေ သည့်အတွက် ကျေးရွာ၏ အရှေ့ပိုင်းရှိ အိမ်ထောင်စု  ၂၅၀  ခန့်မှာ   နှစ်စဉ် မိုးတွင်းကာလများတွင်   သွားလာရေး အခက်အခဲများ     ကြုံတွေ့နေရပြီး ဒေသခံပြည်သူများ ရာသီမရွေး အဆင် ပြေစွာ သွားလာ နိုင်ရန်နှင့် ဒေသထွက် ကုန်စည်    ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ  အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်း မြောင်းမကြီးတွင်    သံကူ ကွန် ကရစ် တံတားတစ်စင်း တည်ဆောက်ပေး နိုင်ရေး    ကျေးရွာနေပြည်သူများက တင်ပြ တောင်းခံလာသဖြင့်    ယခု  ၂၀၂၀- ၂၀၂၁  ဘဏ္ဍာနှစ်တွင်   မြို့နယ် ဆည်မြောင်းနှင့်  ရေအသုံးချမှု  စီမံ ခန့်ခွဲရေး ဦးစီးဌာနမှ   တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြောင်းမကြီး အရှည် ၇၅ ပေ၊   အကျယ်  ၁၄   ပေရှိ  သံကူ ကွန်ကရစ် တံတား တစ်စင်းအား  ၂၀၂၀  ပြည့်နှစ် ဒီဇင်ဘာ   ၁၅   ရက်က   စတင် တည်ဆောက်ပေးခဲ့ရာ   ယနေ့တွင် တံတား တည်ဆောက်ပြီးစီးမှု   ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်သည်။ အဆိုပါ  သံကူ ကွန်ကရစ်တံတား တည်ဆောက်ခြင်းကို       ယခုနှစ် ဖေဖော်ဝါရီ   ၁၅   ရက်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ရာ လုပ်ငန်း အရည်အသွေး     ပြည့်မီရေးအတွက် မြို့နယ် ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  အနီးကပ် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်း      သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျောင်းကုန်း ကြီးကျေးရွာ အရှေ့ ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်အတွက် မြို့ပြ နှင့် ကျေးလက် ရာသီမရွေး   အဆင်ပြေစွာ  ကူးလူး ဖြတ်သန်း   သွားလာနိုင်မည့်အပြင် ကျေးရွာနေပြည်သူများ အဓိကစီးပွား ဖြစ်   လုပ်ကိုင် နေသည့်  စိုက်ပျိုးရေး လုပ်ငန်းနှင့်    လယ်ယာမြေများမှ ထွက်ရှိသော   သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍    ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်       များစွာအကျိုးပြု နိုင်မည်ဖြစ်ကြောင်း   သိရသည်။  

ရဲဝင်းနိုင်(ပြန်/ဆက်)