ကျော့ကွင်းမိပြီး ဒဏ်ရာရနေသည့် တောဆင်ရိုင်းတစ်ကောင်ကို ဆေးကုသပေးကာ ပြန်လွှတ်ပေး

 ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ

တနင်္သာရီတိုင်းဒေသကြီး ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု ဘန်ခွမ်းကျေးရွာ ခဲချောင်းချောင်းအနီးတွင် တောဆင်ရိုင်း(အထီး) အသက် ၄၃ နှစ်ခန့်ရှိ ဆင်၏ရှေ့ညာလက်တွင် ကျော့ကွင်းမိလျက်ရှိကြောင်း သတင်းအရ ဘုတ်ပြင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်နှင့် ပြည်ကြီးမဏ္ဍိုင်နယ်မြေ ရဲစခန်းမှူး၊ ဆင်ဆေးကုဆရာဝန် ဒေါက်တာဇော်မင်းဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျော့ကွင်းမိတောဆင်ရိုင်းရှိရာသို့ သွားရောက်ကာ မေ့ဆေး ဆရာဝန်မှ မေ့ဆေးသေနတ်ဖြင့် မေ့ဆေးပေးပြီးနောက် ကျော့ကွင်းဖြုတ်ပေးခြင်း၊ ဒဏ်ရာအား ဆေးထည့်ပေးခြင်း၊ ဆင်ခန္ဓာကိုယ် အတိုင်းအထွာယူခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဖြေဆေးပေး၍ သတိပြန်လည်လာစဉ် တောတွင်းသို့ ပြန်လွှတ်ပေးကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)