ကာလိ ဧပြီ ၂၀
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၄)နာရီအချိန်က လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်ကာလိမြို့ရှိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ဆက်သွယ်ပေးသည့် တာကော်တံတားသစ် (၁)စင်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ တံတားတည်ဆောက်ရေးအမှတ် (၄)ရှင်းလင်းဆောင်ခန်းမ၌ ပြည်နယ်လမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ တံတားသစ်တည်ဆောက်နေမှု ကိုရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံတားသစ်တည်ဆောက်နေမှုကို ကြည့်ရှုကြကြောင်း သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)