တောင်တွင်းကြီး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်(၉)နာရီက ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVIDSHIE LD) ကို ပထမအကြိမ်အဖြစ် မတ်လ(၁၆)ရက်မှ (၃၁)ရက်နေ့ထိ ဒေသခံပြည်သူ (၇၄၂၃) ဦးအား ထိုးနှံပေးခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ဧပြီလ(၂၀)ရက်နေ့မှ (၃၀)ရက်နေ့ထိ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင် ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၀င်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမိုးမိုးမြင့်