မြိတ် ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ပထမ အကြိမ် ထိုးနှံထားသူများအား ဧပြီလ(၂၀)ရက် နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံသည့်သူများအား ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကာကွယ်ဆေးထိုးပြီးစီးကြောင်း လက်မှတ်များကို ထုတ်ပေးခဲ့သည်။ ဒုတိယအကြိမ် ကာကွယ်ဆေးရမည့် သူများကို ပြည်သူ့ဆေးရုံတွင် ဧပြီလအကုန်အထိ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြိတ်မြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ သာသနာ့ ဝန်ထမ်း ဆရာတော်၊ သံဃာတော်၊ သီလရှင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ စုစုပေါင်း(၅၆၄၃)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်