ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်

ဇီးကုန်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ဖွင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ် ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်ကြရန်၊ လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများထဲတွင် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့သည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာ အုပ်စု (၃၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေး စုစုပေါင်း (၇၀)ခန့်တက်ရောက်ခဲ့ပြီး၊ အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်များ၊ လုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)