ဗိုလ်တထောင်မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချ

ဗိုလ်တထောင် ဧပြီ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ (၄၅) လမ်း၊ အမှတ်-၂၆၃ ရှိ YMCA ခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံသင်တန်းကို၁၉-၄-၂၀၂၁ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်သောင်း၊အတွင်းရေးမှူး ရဲမှူးဝင်းကိုကို (မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ တွဲဘက်အတွင်းရေးမှူး ဦးတင်လှမောင်(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး)၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး ဇော်ဦးအောင်၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန့်၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်အေးသန္တမြင့်နှင့် သင်တန်းသား ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၂)ဦး၊ စုစုပေါင်း (၂၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်သောင်းမှ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗိုလ်မှူး ဇော်ဦးအောင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အတွင်းရေးမှူး ရဲမှူး ဝင်းကိုကို (မြို့နယ်ရဲတပ်ဖွဲ့မှူး)မှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တွဲဘက်အတွင်း ရေးမှူး ဦးတင်လှမောင် (ဒုမြို့နယ်အုပ်ချုပ်ရေးမှူး)မှ ပုံစံ(၂၇)မျိုးပုံစံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန့်မှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဆိုင်ရာ သိသင့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်အေးသန္တာမြင့်မှ ဥပဒေဆိုင်ရာသိသင့်သိထိုက်သည့် အချက်များခေါင်းစဉ်ဖြင့် သင်ခန်းစာများအသီးသီးပို့ချပေးခဲ့ပြီး သင်တန်းအား ညနေ(၃:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
သိန်းသိန်း(ပြန်/ဆက်)