ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၂၀)ရက် ယနေ့နံနက်(၉)နာရီက အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက် ထိုးပေးလျှက်ကြောင်း သိရှိရသည်။
ကာကွယ်ဆေးများ ထိုးပေးရာတွင် လူစုလူဝေးမရှိစေရန်အတွက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်လွင်တို့က ကာကွယ်ဆေးထိုးခြင်းများ အဆင်ပြေ ချောမွေ့စေရေး ကြည့်ရှုအားပေးခဲ့ကာ ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းများရေးဦးစီးဌနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်းများ ပြုလုပ်ခဲ့ပြီး ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသည့် သိတ်မှတ်ရက်ပြည့်၊ သံဃာတော်များနှင့်ဝန်ထမ်းများ၊ ပြည်သူများအား ဒုတိယအကြီမ် ကာကွယ်ဆေးများ ထိုးပေးခဲ့ကြောင်း သိရှိ ရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဧပြီ(၉)ရက် နေ့မှ စတင်ထိုးပေးလျှက်ရှိပြီး သင်္ကြန်ရုံပိတ်ရက်များတွင် ခေတ္တရပ်နားထားပြီး နေ့စဉ် ဆက်လက်ထိုးပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)