သတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗန်းမော်နှင့် မန်စီမြို့နယ်အတွင်း တွေ့ဆုံပွဲများ ကျင်းပပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
May 11,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဗန်းမော်နှင့် မန်စီမြို့နယ်တို့တွင် တွေ့ဆုံပွဲများကျင်းပပြီး စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေး အပ်မှုများကို ဆောင်ရွက်ခဲ့ကြသည်။
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
May 11,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပသည်။
မြိတ်မြို့တွင် အသက်(၂၁)အောက် ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 11,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အသက်(၂၁)အောက် ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေလ(၁၀)ရက် ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်၌ (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 11,2021
ပဲခူးတိုင်း‌ ဒေသကြီး ၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ  ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်  ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၁)နှစ်အောက်  အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂နာရီ ၃၀ မိနစ်အချိန်တွင် သနပ်ပင်မြို့နယ် ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် ရပ်နားထားသည် ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွား
May 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ဂဏန်းကျွန်းအနီးတွင် ယမန်နေ့ ည(၉)နာရီ (၂၅)အချိန်ခန့်က ကျောက်ချရပ်နားထားသည့် ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ အဝေးပြေးကားဂိတ်မှ ခရီးသည်တင်ယာဉ်များ အားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ
May 11,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ ပြေးဆွဲလျက်ရှိသောခရီးသည်တင် မော်တော်ယာဉ်လိုင်း ၁၆ လိုင်းခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရုံးမှ သိရသည်။
ရေကျော် (၃) မြို့နယ်ချင်းဆက်သွယ်ထားသော တွံတေး - ရေကျော်လမ်းပိုင်း ကွန်းကရစ်လမ်းခင်း
May 11,2021
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး- ကော့မှူး - ကွမ်းခြံကုန်း (၃) မြို့နယ်ဆက်သွယ်ထားသော တွံတေး -ရေကျော်လမ်ပိုင်းအား ကွန်ကရစ်လမ်းမကြီး အဖြစ် အဆင့်မြင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။