ကြို့ပင်ကောက် မေ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ ပြေးဆွဲလျက်ရှိသောခရီးသည်တင် မော်တော်ယာဉ်လိုင်း ၁၆ လိုင်းခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက် ရှိကြောင်း မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့မှ ခရီးသည်တင်ယာဉ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြဝတီ၊ ပြည်မြို့များသို့ အဓိကထားပြီး ပြေးဆွဲပေးလျက်ရှိကြောင်း လက်မှတ်အရောင်းဌာနဖွင့်လှစ်ပြီး ပြေးဆွဲ ပေးနေသောအခြား ယာဉ်လိုင်းများလည်းရှိကြောင်း ယာဉ်စီးနင်းခများမှာ ရန်ကုန် တစ်သောင်းကျပ်၊ မန္တလေး သုံးသောင်းကျပ်၊ နေပြည်တော် နှစ်သောင်းကျပ်နှင့် မြဝတီ သုံးသောင်းခွဲကျပ်တို့ဖြစ်ကြောင်း ခရီးသည်များအားလုံး နှစ်ခုံတစ်ယောက်နှုန်း စီးနင်းရမှာ ဖြစ်ကြောင်း လက်ရှိစက်သုံးဆီဈေးအခြေအနေကြောင့် ယာဉ်စီးနင်းခများ အနည်းငယ်မြင့်တက်နေသော်လည်း မကြားမီပြန်လည် ကျဆင်သွားမှာ ဖြစ်ကြောင်း မြို့နယ်မော်တော်ယာဉ် ဂိတ်ကြီးကြပ်ရေးမှူး ဦးတင်ဝင်းက ပြောသည်။
မြို့နယ်အဝေးပြေးဂိတ်မှ ပြေးဆွဲပေးလျက်ရှိသော ခရီးသည်တင်ယာဉ်များတွင်း လိုက်ပါစီးနင်းသူများ၏ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပတ်နှင့် သွားရောက်မည့် နေရာတို့အား မြို့နယ်မော်တော်ယာဉ်ရုံးတွင်း မှတ်တမ်းထားရှိကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်ဆက်)