ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗန်းမော်နှင့် မန်စီမြို့နယ်အတွင်း တွေ့ဆုံပွဲများ ကျင်းပပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်      မေ    ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက်နေ့တွင် ဗန်းမော်နှင့် မန်စီမြို့နယ်တို့တွင် တွေ့ဆုံပွဲများကျင်းပပြီး စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေး အပ်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ စုပေါင်းရုံးတွင်းရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ သမိုင်းတစ်လျောက် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော် အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးကို စီမံ‌ဆောင်ရွက်လျက်ရှိရာ မိမိတို့ကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်း နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြား ထုတ်ပေး နိုင်‌ရေးကို ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အခြေအနေအမှန်သိရှိ နားလည်ပြီး မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်သားသမီးများ၏ အနာဂတ်အတွက် အခြေခံကျောင်းများ အေးချမ်းစွာဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေးစသည်တို့ကို ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်၏ ဒေသန္တရအခြေအနေနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းကုန်းရပ်ကွက်ရှိ ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ မီးသတ် တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးပြီး ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်းကို ထောက်ပံ့ပေးအပ်ကာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ခရိုင်မီးသတ်တပ် ဖွဲ့ရုံးသစ် တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးမကျမီ သတ်မှတ်ချိန်အတွင်း တည် ဆောက်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု များနှင့်တွေ့ဆုံပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားများပြောကြားကြကာ နေရပ်စွန့်ခွာ စခန်းများမှ မိသားစု (၅၁၂၃)စုတို့အတွက် တန်ဖိုးငွေ ကျပ် (၁၈၅၈၉၀၀၀)တန်ဖိုးရှိ ဆန်အိတ် (၆၄၁)အိတ်ကို ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ဗန်း‌မော်မြို့ပေါ် ရပ်ကွက်များအတွက် အားကစားပစ္စည်းများကို ရပ်ကွက်အလိုက် ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် မန်စီမြို့နယ်သို့သွားရောက်ကာ မန်စီမြို့နယ် အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ နေရပ် စွန့်ခွာပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားပေး အမှာစကားပြောကြားကာ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာ ပြည်သူများအတွက် ငွေကျပ် (၁၀၁၅၀၀၀)တန်ဖိုးရှိ ဆန်အိတ် (၃၅)အိတ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၃)သိန်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေကျပ် (၂)သိန်းတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်၊ စီဟဲ ကျေးရွာ၌တောင်သူများနှင့် တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားအကအဖွဲ့များနှင့်အတူ ရှမ်းရိုးရာအကကို ရင်းရင်းနှီးနှီး ပျော်ရွှင်စွာစုပေါင်းကကြပြီး ကျေးရွာ အတွင်းရှိ တောင်သူများအား ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထွက်ကုန်များဖြင့် တောင်သူများဘဝခိုင်မာတည် ငြိမ်ရေးအတွက် ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်အဖြစ် ဝဥများ စိုက်ပျိုးရှင်သန်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြရေးကို တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စီဟဲကျေးရွာတောင်သူများအတွက် ဝဥမျိုးစေ့များနှင့် ဆင်းဧကရီ -၃ မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ‌တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးအပ်ကြပြီး ရှမ်းတိုင်းရင်းသားရိုးရာ အဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းကို ထောက်ပံ့ပေးအပ်ကာ နွေစပါးစံပြစိုက်ခင်းအတွင်း ဆင်းဧကရီ-၃မျိုးစပါးများ ရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့ ကန်တော်ရပ်ကွက်အတွင်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ပံ့ပိုး ကူညီမှုဖြင့် ဆောင်ရွက်လျက် ရှိသည့် နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွာများ မွေးမြူထားရရှိမှုအခြေအနေကို နွားခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နွားမွေးမြူရေးလုပ်ငန်းအတွက် တန်ဖိုးငွေ (၂)သိန်းရှိ မွေးမြူရေးအထောက်အကူပြု ဆေးဝါများနှင့်ခရိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းကို  ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သင်ကြားရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအနေဖြင့် အကြပ်အတည်းကာ လဖြစ်သော်လည်း အနာဂတ်ကလေးငယ်များ၏ ပညာသင်ကြားခွင့်ရရှိရေးနှင့် ကျောင်းများ တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊  မိမိတို့ ကောင်စီ အနေဖြင့် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ပြောကြားခဲ့ကာ ခရိုင်ပညာ‌ရေးမှူး၏ ခရိုင်အတွင်း ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ရေး ‌ဆောင်ရွက်ထားရှိမှု အခြေအနေတင်ပြမှုများအပေါ် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်