သတင်းများ

ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ သက်ကြီးရွယ်အိုများသွားလာရေး အဆင်ပြေစေရေးအတွက် ဝှီးချဲများ အခမဲ့ အသုံးပြုနိုင်
May 10,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ ကူးသန်းသွားလာလျက်ရှိပြီး ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ချယ်ရီရေယာဉ်များဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ်ကူးတို့ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ သင်္ဘော ဆိပ်ကမ်း၌ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရေး အတွက် ဝှီးချဲများကို စီစဉ်ဆောင်ရွက်ထားရှိရာ မည်သူမဆို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေး
May 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာ တင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် နှာခေါင်းစည်း (Mask) ကမ်ပိန်းပြုလုပ်
May 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပြည်သူ့ဆေးရုံဟောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးပေါ်တွင် မေလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် နှာခေါင်းစည်း(Mask )ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။
ကျိုက်ဒုံမြို့တွင် အသက် ၁၈ နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
May 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မေလ ၁၀ ရက်၊ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသက် ၁၈ နှစ်အထက် ဒုတိယအကြီမ် (Covid-19) ရောဂါကာကွယ်ဆေးထိုးနှံပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ကျိုက်မရောမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
May 10,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်
May 10,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက မုဒုံမြို့နယ် ရွှေဟင်္သာ ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
သထုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထန်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး သင်တန်း ဖွင့်လှစ်
May 10,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ် ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ဥပဒေ/နည်းဥပဒေများနှင့်အညီ စနစ် တကျ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲ အခမ်း အနားကို ယမန်နံနက် ၈ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
May 10,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ စုပေါင်းရုံးခြောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။