ကျွန်းစု မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ဂဏန်းကျွန်းအနီးတွင် ယမန်နေ့ ည(၉)နာရီ (၂၅)အချိန်ခန့်က ကျောက်ချရပ်နားထားသည့် ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေးယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီတို့ဖြင့်၊ အုပ်ချုပ်မှု ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ည(၁၀)နာရီ (၁၀)မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှု အကြောင်းအရင်းအား တာဝန်ရှိသူများ စိစစ် ဆောင်ရွက်လျက် ရှိသည်။
မီးလောင်မှုကြောင့် ငါးဖမ်းစက်လှေ အနောက်ကြမ်းခင်း၊ ပေါင်းမိုးနှင့် မီးစက်တစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး လူ / တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)