သတင်းများ

ကသာမြို့ရှိ ဈေးများ၌ တရုတ်ဆီးသီး(လိုင်ချီးသီး)များ စတင်ရောင်းချ
May 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော တရုတ် ဆီးသီးခြံများမှ ထွက်ရှိသည့် တရုတ်ဇီးသီး(လိုင်ချီးသီး)များကို ကသာမြို့ရှိ ဈေးများအတွင်း၌ မေလပိုင်းမှစ၍ စတင်ရောင်း ချနေပြီ ဖြစ်သည်။
ငဖဲမြို့နယ် အောင်ပင်လယ်ကျေးရွာတွင် ဖရဲစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုး
May 11,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အောင်ပင်လယ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံ မြေ စိုက်ပျိုးရေးလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်လျက်ရှိရာ ကျေးရွာ ၏အရှေ့ ဘက်ရှိလယ်မြေတွင် မြေအောက်ရေကိုအသုံးပြု၍ 855 ဖရဲမျိုးကိုစိုက်ပျိုး ရောင်း ချရာ အောင်မြင် ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း (ဓမ္မစကူးလ်) များမှ သင်တန်းသားသင်တန်းသူများ အတွက် စာရေးကိရိယာများ လှူဒါန်း
May 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း (ဓမ္မစကူးလ်)များမှ သင်တန်းသား သင်တန်းသူများအတွက် စာရေးကိရိယာများ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကျိူက်မရော၌ နွေရာသီ အားကစားသင်တန်းမျိုးစုံလေ့ကျင့်သင်ကြားပေး
May 11,2021

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုး ဆက်သစ် အားကစားမောင်မယ်များအား နွေရာသီ အားကစားသင်တန်းအဖြစ် ဘော်လီဘော၊ စစ်တုရင် ၊မြန့်မာ့သိုင်းပညာ အား ကစားနည်းများကို မေ၁ရက်နေ့မှ မေ၂၁ရက်နေ့အထိ ကျိုက်မရောမြို့ မိုးလုံ လေလုံအားကစားခန်းမ၌လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကလေဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေး ပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကျင်းပ
May 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မေလ ၆ ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ သည်။
မင်းလှမြို့နယ်တွင် နွေစပါး ရိတ်သိမ်းခြင်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းရရှိ
May 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်နှင့် မင်းလှဆည်‌တို့မှ ရရှိသော ဆည်ရေဖြင့် စိုက်ပျိုးသော ၂၀၂၁ ခုနှစ် နွေစပါးများကို ဧပြီလစတုတ္တပတ်က စတင်ရိတ် သိမ်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကျောက်ရောမြေသား လမ်းခင်း ခြင်း ဆောင်ရွက်
May 11,2021

မကွေးခရိုင် ၊မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရန် အတွက် နေပြည်တော်-မြို့သစ်-ကံပြားလမ်းနှင့် ဆက်သွယ် ထားသော သားမျှား - လေးတိုင်စင်ကျေး ရွာလမ်း ပိုင်းအား ကျောက်ရော မြေသား လမ်းခင်းခြင်း ၈၀ % ပြီးစီးနေပြီဖြစ်သောကြောင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ကျေးလက်လမ်း ဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းနှင့် မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျိုက်ဒုံမြို့အမှတ်(၄)ရက်ကွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်
May 11,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၊ ရဲစခန်းလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။