သနပ်ပင်၊ မေ ၁၁
ပဲခူးတိုင်း ဒေသကြီး ၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ် ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂နာရီ ၃၀ မိနစ်အချိန်တွင် သနပ်ပင်မြို့နယ် ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်မင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းရေး၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး မြို့နယ်အတွင်း မြန်မာ့လက်ရွေးစင် အားကစားအစဉ်ပေါ်ထွက်လာစေရေးနှင့် အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာရေးတို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အာကစားအသင်းများမှ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ၂၀၂၁ခုနှစ်၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဖလား (၈)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို သနပ်ပင်မြို့ ပြည်သူ့အားကစားကွင်း၌ သနပ်ပင်၊ ကဝ၊ ပဲခူး၊ ဝေါ မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ယနေ့ ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် သနပ်ပင်မြို့နယ်အသင်းနှင့် ကဝမြို့နယ်အသင်းတို့ ညနေ ၃နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်မင်းထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အားကစားဝါသနာရှင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။
လှမိုး(သနပ်ပင်)