သတင်းများ

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးသော အိမ်ထောင်စုများအား ဇီးကုန်းမြို့နယ်တွင် ထောက်ပံ့ငွေပေးအပ်
May 11,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မေလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၁)စုတွင် နေအိမ်(၁၃၄)လုံး အမိုးလန်ပျက်ဆီး၍ ပြိုလဲနေအိမ် (၄)လုံးအတွက် ပဲခူးတိုင်းဒေသကြီး သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်နေအမျိုးသမီးငယ်များ လုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် အခြေခံမော်တာ အပ်ချုပ်စက် သင်တန်းဖွင့်လှစ်
May 11,2021

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွံတေးမြို့နယ် ကံဘဲ့ကျေးရွာ အုပ်စု၊ ကံဘဲ့ကျေးရွာရှိ ကျေးလက်နေ အမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း သင်တန်းများတက်ပြီး အခြေခံအပ်ချုပ်စက်သင်တန်းမှတစ်ဆင့် စက်ရုံ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်အခြေခံမှ တစ်ဆင့် အဆင့်မြင့်သင်တန်းများ အတွက်

ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာတွင် ပန်းခင်းစိမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
May 11,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသား စိစစ် ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အနောက်ကိုင်း ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 11,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သဲတန်းကျေးရွာနှင့် မင်းပြင် ကျေးရွာများသို့သွားရောက်၍ တောင်သူအသိပညာပေးဆွေးနွေး
May 11,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများမှ ယမန်နေ့၊ နံနက်ပိုင်းက သဲတန်း ကျေးရွာနှင့်မင်းပြင်ကျေးရွာများသို့ သွား ရောက်ပြီး တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
စလင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်
May 11,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်အတွင်းရှိ လေဘေး သင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို မေ ၁၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက စလင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်းဆွေးနွေး
May 11,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီး မှူးရုံးမှ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ် ပေးရေး (ပန်းခင်းစီမံချက်)နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
တောင်ငူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်း ဖွင့်လှစ်
May 11,2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကုက္ကိုလ်ပင်စုကျေးရွာတွင် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် အခြေခံအပ်ချုပ်စက်သင်တန်းကို မေလ ပထမပတ်မှ စတင်ကာ မေလကုန်အထိ တစ်လတာ သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။