တိုက်ကြီး ဇွန် ၄ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝမြစ်ချောင်းရေပြင်များ အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ရွာသာတံတားအနီး လှိုင်မြစ်အတွင်း ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ တိုက်ကြီးတပ်နယ်မှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်း/ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်သားပြည်သူများ တက် ရောက်ခဲ့ပြီး လှိုင်မြစ်အတွင်း ဝါးခုံးမကြီး ငါးသားပေါက် ကောင်ရေ (၅)သိန်းအား ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။ ခင်နှင်းသက်(ပြန်/ဆက်)