ရန်ကုန် ဇွန် ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ ၊ နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမပေါက်ပေါက်က စာရေးဆရာပါမောက္ခဒေါက်တာ အောင်ထွန်းသက် ရေးသားသည့် အနာဂတ်၏ခေါင်းဆောင်မှု ပညာစာအုပ်ပါ အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များက စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသော အနာဂတ်၏ခေါင်းဆောင်မှုပညာ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)