ပြင်စလူမြို့၌ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် သံချဆေးတိုက်ကျွေး

ပြင်စလူ   ဇွန်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကပြင်စလူမြို့ပေါ်ရှိ ရပ်ကွက်များမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်မှစ၍ စတင်တိုက်ကျွေးပေးခဲ့သည်။

ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက (၂)နှစ်အောက် ကလေးငယ်များအတွက် ကာကွယ်ဆေး အားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသောအရွယ်တွင် ဆေးထိုး ၊ ဆေးတိုက်ပေးနိင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ ၊ ဆုံဆို့နာရောဂါ ၊ အခြားရောဂါများအပြင် ၊ ဝက်သက်ရောဂါ ၊ ဂျိုက်သိုးရောဂါ ၊ သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များအတွက် အသိပညာပေးလုပ်ငန်များအနေဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု အနည်းဆုံး (၄)ကြိမ်ခံယူပါ၊ မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ထိုးပါ၊

သံဓာတ်အားဆေးပြားကို မနက်တစ်လုံးညတစ်လုံးသောက်ပါ ၊ အာဟာရပြည့်စွာစားပါ ၊ အနားယူပါ၊ မူးယစ်ဆေးဝါးကိုရှောင်ကြဉ်ပါ၊ ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်များကိုလိုက်နာပါ၊ ကျွမ်းကျင်သူနှင့်မွေးဖွားပါ စသည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်စလူမြို့ (ပြန်/ဆက်)