လေရှီး ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းမပေါ်တွင် ဆင်ချီးပန်းချောင်းဖြတ်ကူးတံတားကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားကို ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ရာခိုင်နူန်းအားဖြင့် (၁၀%) အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက နာဂဒေသခံ ပြည်သူများအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားစေရေးအတွက် ရည်ရွယ်၍ လမ်ပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းတံတားများကို ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်၏ ပြောကြားချက်အရ သိရသည်။
ဆိုင်းသား