လက်ပံတန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေလ ၅ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် ဗောဓိပင် ကျေးရွာအုပ်စု ကညင်ကောက်ကျေးရွာမှ နေအိမ်(၁) လုံးပြိုလဲ၍ နေအိမ် (၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ နေအိမ်များမှ ပြည်သူများအတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပေးအပ်ခဲ့သည်။