ဖြူးမြို့နယ်၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရှိ လူသွားလူလာများသည့် လမ်းဆုံလမ်းခွများတွင် အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။