အုတ်ဖိုမြို့ တြိဒါနလမ်းအုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

 အုတ်ဖို  ဇွန် ၁၀

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကျောင်းကြီးတန်းရပ်ကွက်၊ တြိဒါနလမ်း တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အုတ်ရေမြောင်းမှာ အရှည် (၆၁၅)ပေ၊ အကျယ်(၄)ပေ၊ အနက်(၃)ပေဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက ကျောင်းကြီးတန်းရပ်ကွက်နှင့် မြို့မ(၂) လမ်း၊ ဗိုလ်ရုံတန်းလမ်း တို့တွင်နေထိုင်လျှက်ရှိသည့် ပြည်သူများ ကျန်းမာသန့်ရှင်း ရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ရန် ပိုးလောက်လန်းများ မပေါက်ပွားအောင် မြောင်းပိတ်ဆို့မှုမှ ကင်းဝေးပြီး ရေစီးရေလာ ကောင်းမွန် လာမည့်အပြင် မြောင်းပုတ်နံ့ကင်းဝေးအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင် ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)