သတင်းများ

အရာ​တော်မြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်  အရာ​တော်မြို့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက အရာ​တော်မြို့ အ​ခြေခံပညာအထက်တန်း​ကျောင်း ဆရာစံခန်းမ စာဖြေဌာနတွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာတွင် ဆိုလာပြားအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား
Jun 08,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာ၌ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ဆိုလာပြား မီးအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့ MGM စက်သုံးဆီအရောင်းဆိုင်တွင်မီးလောင်မှုဖြစ်ပွား
Jun 08,2021
ပျော်ဘွယ်မြို့မှ ရမည်းသင်းမြို့သို့သွားသော ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မင်းလမ်းကျေးရွာအုပ်စု၊ ဆားတောင်ကျေးရွာအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် MGM စက်သုံးဆီဆိုင်တွင် ယနေ့နံနက် (၁၁)နာရီ၃၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဟင်္သာတခရိုင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 08,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jun 08,2021
မိုးဦးရာသီအတွင်း မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များကြုံတွေ့လာပါက အရေးပေါ်ဆက်သွယ်နိုင်သည့် နည်းလမ်းများအား အသိပေးစတေကာကပ်ခြင်း လုပ်ငန်းကို ကော့သောင်းခရိုင မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အသွားလာများပြားရာ အဏ္ဏာရပ်ကွက်၊ ကမ်းနားလမ်းနှင့် ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံတို့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
Jun 08,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြက် ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ၅၀၀၀၀ ကျော် ပျိုးထောင်ထားရှိ
Jun 08,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ သစ်တော/သစ်ပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ်ဘဝများ ရရှိစေရန်၊  သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန်နှင့် စိမ်းလန်းစိုပြေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်ပေါင်း (၅၀၀၀၀)ကျော် ကိုပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။