သတင်းများ

မိတ္ထီလာခရိုင်အတွင်း ကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး
Jun 15,2021
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များတွင် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းကျေးလက်ကုန်ထုတ်လမ်း ၈ လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၃ လမ်းပြီးစီး၍ ကျန်ရှိနေသော လမ်းများအား အမြန်ဆုံးပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းထံကသိရသည်။
ပလောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ပုလောမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ခြင်းကို ယနေ့၊ နံနက် ၉ နာရီအချိန်တွင် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့ အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့မစျေးကြီးနှင့် ဘုရင့်နောင်စျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ပလောက်မြို့၌ ပြုလုပ်
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပလောက်မြို့ Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား မှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာ နေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့နံနက်(၈)နာရီ အချိန်က စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
မင်းလှမြို့တွင်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း (Mask)များ (၅၀၀)ခု အခမဲ့ ဖြန့်ဝေပေး
Jun 15,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အိမ်အပြင်ထွက် တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်အတွက်ပဲခူးတိုင်းဒေသကြီး၊  မင်းလှမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီချိန်တွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ များအား နှာခေါင်းစည်း(၅၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် လူမှုဝန်ထမ်းဦစီးဌာနက ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။