တောင်ငူ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့ အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့မစျေးကြီးနှင့် ဘုရင့်နောင်စျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မစျေးကြီး၌ ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်ခန်းများတွင် ဝရောင်းချ နေကြသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန်၊ စျေးအဝင်အထွက်နေရာများ၌ လက်ဆေးရန်နေရာများ စနစ်တကျ အသုံးပြုစေရေး၊ စျေးအတွင်းဝင်ရောက်ဝယ်ယူရာ၌ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု၍ သွားလာကြရန်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က အသိပေးနှိုးဆော်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့က အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်မှုရှိစေရေး ၊ နှိုးဆော်အသိပညာပေးမှုများနှင့် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်းအခုရေ (၃၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။