မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေး
Jun 21,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင် သူများ အတွက် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးငွေများကို ဇွန် ၁ရက်နေ့ကစတင်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေလာရောက် ထုတ်ယူသော တောင်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီချေးငွေများ ထုတ်ချေးပေး လျက်ရှိကြောင်းသိရသည်။