မင်းလှမြို့တွင်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း (Mask)များ (၅၀၀)ခု အခမဲ့ ဖြန့်ဝေပေး

မင်းလှ ဇွန် ၁၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အိမ်အပြင်ထွက် တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်အတွက်ပဲခူးတိုင်းဒေသကြီး၊  မင်းလှမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီချိန်တွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ များအား နှာခေါင်းစည်း(၅၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင် ကြရန် အသိပညာပေးခြင်းလုပ်ငန်းအဖြစ် Mask Campaign ကို လူစည်းကာ၍ လူသွား၊ လူလာများ သော ဈေးချိုတန်းလမ်းမကြီး‌နေရာတွင် လမ်းသွားလမ်းလာ ပြည်သူများနှင့် မင်းလှမြို့မဈေးကြီး အတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်း စုစုပေါင်း(၅၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ သည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အမှု‌ဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ