ရေတာရှည်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ဆောင်ရွက်

ရေတာရှည် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား မှုအား ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာ နေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့နံနက်(၈)နာရီ အချိန်က စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ဖြတ်သန်းသွားလာကြသူများနှင့် ဈေးဝယ်လာသူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်းနှင့်  နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်း mask (၁၀၀၀) ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။