ညောင်တုန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

                                                                     ညောင်တုန်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းလှက ကလေးသူငယ်များနှင့်ပတ်သက်၍ ကလေးသူငယ်များ၏ အခွင့်အလမ်းများ၊ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု အခြေအနေများ၊ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းများ စသည့် ကလေးသူငယ်မ အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးပြော ကြားခဲ့ သည်။

အခန်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။