ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးညို ဇွန် ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် လူမှုဝန်ထမ်းဦစီးဌာနက ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မိုးညိုမြို့နယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ၊ အမျိုးသမီးကဏ္ဍဆိုင်ရာများတွင် အဖွဲ့ဝင်များအနေဖြင့် လေးလေးနက်နက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အသိပညာပေးဆွေးနွေးပွဲများတွင် အတတ်နိုင်ဆုံး အားထည့်ပေးဖို့ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်မို့မို့အေးက လူမှုဝန်ထမဦးစီးဌာန၏ လုပ်ငန်းကြီးများနှင့် ပတ်သက်ပြီးရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက်ကော်မတီဝင်များက အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

စန္ဒာလင်း(မိုးညို)