ပလောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ပလောက် ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ပုလောမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ခြင်းကို ယနေ့၊ နံနက် ၉ နာရီအချိန်တွင် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုနှင့် ပတ်သက်၍ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်လျက်ရှိကြသော မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်း စီမံချက်ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပလောက် မြို့အတွင်းရှိ နိုင်ငံသားတိုင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမှတ်ပုံတင် ရရှိရေးအတွက် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆောင်ရွက်ပေးဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှု အခြေအနေများအား ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       

နှင်းမြူလွင်