သတင်းများ

ရေးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW) ကျင်းပပြုလုပ်
May 19,2021
ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၂)နာရီက သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (TALK SHOW)ကို ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ကျောင်းများ၏ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၁၁ အခြေခံ ပညာ မူလတန်းကျောင်းအတွင်း ရုံးတွင်း/ပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တပ်မတော်သား ၃၀ ဦးက ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 19,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အင်ဂျင်တစ်လုံးထိုး စက်ပြင်သင်တန်း ဆင်းပွဲ ကျင်းပ
May 19,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အင်ဂျင်တစ်လုံးထိုး စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လှိုဏ်ဂူတော်အတွင်း၌ (၁၃၀) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လှိုဏ်ဂူတော်အတွင်း၌ (၁၃၀) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
May 19,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးနှင့်အတူ နတ်မောက် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက် မြို့နယ် သမုန်းပင်ကျေးရွာ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးသည်။
အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2021
ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။