ပလောက် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပလောက်မြို့ Community Centre တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ပုလောမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပြီးခဲ့တဲ့ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ပါရှိ၍ လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ မရှိစေရန် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ ပန်းခင်းစီမံချက်ကို ရေးဆွဲ၍ အိမ်ထောင်စုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင် အိမ်ထောင်စုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများမှာ အရေးကြီးကြောင်း၊ မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖြင့် ပြည်သူများ လိုအပ်သော အိမ်ထောင်စုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အဆင့်(၄)ဆင့်ခွဲ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ ပန်းခင်းစီမံချက်ကို ၅/၂၀၂၁ မှ စတင်၍ (၁၈)လ တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။
နှင်းမြူလွင်