သတင်းများ

နတ်မောက်မြို့နယ် အတွင်းရှိကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
May 21,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်ကနတ်မောက်မြို့နယ် မိုးနံတောကျေးရွာအုပ်စု မိုးနံတောကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်တွင် ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
May 21,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းကို ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာဖွင့်လှစ်သင်ကြားခဲ့သည်။    
ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးရွယ်အိုးများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
May 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အသက်(၈၀) နှင့် (၈၅)နှစ်ကြား သက်ကြီးရွယ်အိုးများ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က တာဝန်ရှိသူများမှ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကစိုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
May 21,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ “အံဩစရာ ရိုးရာဓလေ့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် ခန့်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာပေ ဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသော “အံဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရေးမြို့နယ်၌၂၀၂၀-၂၀၂၁ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးတွေ့ဆုံပွဲပြုလုပ်
May 21,2021
ရေးမြို့နယ်တွင်၂၀၂၀-၂၀၂၁ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်တွေ့ဆုံပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာ အထက်တန်း ​ကျောင်းပညာ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်တွင် ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
May 21,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းကို ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာဖွင့်လှစ်သင်ကြားခဲ့သည်။     
ကျိုက်ဒုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
May 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ဦးဇော်မိုးလွင်နှင့်အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံစိစစ်၍ အသက်(၁၆)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် ကျန်ရှိသူများအား အတည်ပြုခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စိစစ်ဆောင်ရွက်ပေးခြင်းတို့ကို မေလပထမပတ်မှစတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။