ကန့်ဘလူ မေ ၂၁ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးတိုင်း အသက်အရွယ် မရွေး၊အဆင့်အတန်းမရွေး၊အသားအရောင်မရွေး ဖြစ်ပွားတတ်သော သားအိမ်ခေါင်း ကင်ဆာ အကြောင်း သိကောင်းစရာများကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသမီးအသင်း( Women Club) အဖွဲ့ဝင် ဒေါ်နှင်းသီရိကို(သူနာပြု တက္ကသိုလ်)မှ ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကြောင့် မိသားစုဝင်များကြေကွဲ ဆုံးရှုံး ရမှုများ၊အမျိုးသမီးများ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်ရန်ရှာရုံသာမက မသေခင် ဝေဒနာခံစားနေရသူများ၊ ကိုယ်ရောစိတ်ပါခံစားကြရသူများ၊ မိသားစုလုပ်ငန်းခွင် လူနေမှုဘဝ ပတ်ဝန်း ကျင်ကိုပါ ပြောင်းလဲထိခိုက်နိုင်ကြောင်း၊အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ သည် ဒုတိယအများဆုံး အမျိုးသမီးရောဂါဖြစ်ကြောင်းနှင့်အခြားအမျိုးသမီးများ တွင်ဖြစ်ပွား တတ်သော ရောဂါအကြောင်းများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ အမျိုးသမီးအသင်း( Women Club)အဖွဲ့ဝင်များ၊မြို့ပေါ်ရပ်ကွက်များရှိ အမျိုး သမီးငယ်များနှင့်ခရိုင် ပြန်/ဆက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)