အမ်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်း ဆင်း ဆောင်ရွက်

အမ်း မေ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မြောက်ဘက်ရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင်သည် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်ဆင်းဆောင်ရွက်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော(၂၀၂၀-၂၀၂၁)ဘဏ္ဍရေးနှစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်ထောင်စုအပ်နှံရံပုံငွေ ငွေကျပ် သန်း(၁၀၀)စတင်ခွင့်ပြုထားသည့် လေယာဉ် ကွင်းရပ် ကွက်နှင့် မြောက်ဘက်ရပ်ကွက်သို့ ဆက်သွယ်တည်ဆောက်မည့် အမ်းချောင်းတံတား တည်ဆောက် ရေးနှင့်ပတ်သက်၍ မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး၊ လမ်းပန်း ဆက်သွယ် ရေးကောင်းမွန် ပြီး လူနေမှုအဆင့်အတန်းမြင့်မားစေရန်၊ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိစေရန်နှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့် အခွင့်အလမ်းများကို ခံစားခွင့်ရရှိ စေရန်၊ တံတားတည်ဆောက်ရန် မလွတ်ကင်း သည့် အိမ်ခြံမြေများအား ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ATTL Group Co,Ltd မှ တာဝန်ယူဆောက်လုပ်သည့် ၂၀၂၀-၂၀၂၁ခုနှစ် ရခိုင်ပြည်နယ် အခြေခံပညာ ဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေ(၁၂၄.၆၃၆)ကျပ်သန်းဖြင့့်် အလက (အမ်း)၊ (၁၂၀ ပေ- ၃၀ ပေ-၁၂ပေ)Rcc (၁)ထပ် ကျောင်းဆောင်အသစ်ဆောက်လုက်ခြင်းလုပ်ငန်း၊ လမင်းသစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ခွင့်ပြုရန်ပုံငွေ(၁၈.၇၈၀)ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့့်် ကံ့ကော်မြိုင် လမ်း လုပ်ငန်းအတိုင်းအတာ(၃၅၀-၁၅-၈) ကွန်ဂရစ်ခင်းခြင်းလုပ်ငန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြုရန်ပုံငွေ(၈.၀၀၀)ကျပ်သန်းဖြင့်အဖွဲ့မှ ဆောင်ရွက် သည့် ၄အဝိစိရေတွင်း(၂)တွင်း၊ လျှပ်စစ်မီတာနှင့်မော်တာ(၂)လုံး ဝယ်ယူ တပ်ဆင်ခြင်း လုပ်ငန်း များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ် အဆင့်တာဝန်ရှိသူ များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များကသွား ရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရသည်။

စိုးမင်းထွန်း