ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

အမ်း မေ ၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ သည် ပန်ခင်းစီမံချက်ဖြင့် အောက်ရွာကျေးရွာအုပ်စုနေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေးကို အောက်ရွာဓမ္မာရုံ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ရာတွင်  အောက်ရွာကျေးရွာအုပ်စု အောက်ရွာကျေးရွာ၊ ကျားမောင်း၊ လင်းခုံကျေးရွာများရှိ တိုင်းရင်းသားပြည်သူများအား အသက်(၁၆-၁၈)နှစ်ကြား  အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၁၅)ဦး၊ (၁၈)နှစ်အထက် အမျိုးသား(၁၂)ဦး၊ မ(၁၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ခွဲထွက်မိတ္တူ(၂၁)စောင်၊ မွေးတိုး/သေဆုံးပယ်ဖျက်(၂၅)ဦးနှင့် အချက်အလက်များ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း